ဗုဒ္ဓ၀ါဒ(တရားဓမ္မ)နှင့် သိပ္ပံပညာ 8:04 AM

    ဗုဒ္ဓ၀ါဒသည် သိပ္ပံပညာနှင့် ညီညွတ်ကြောင်း သံသယဖြစ်ဖွယ်မရှိ၊ သို့သော် ယင်းနှစ်ခုကို မျဉ်းပြိုင်သဖွယ်တည်ရှီသော အယူအဆများဟူ၍မှတ်သားသင့်၏။
    သိပ္ပံပညာသည် အဓိကအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အမှန်တရားနှင့်သာ သက်ဆိုင်ပြီး ဗုဒ္ဓ၀ါဒမှာ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အမှန်တရားများ ဘောင်အတွင်း၌ တည်ရှိသည့်အပြင် ရုပ်နှင့် စိတ်တို့ကို ကျော်လွန်သော သဘောများ ပါသောကြောင့်ဖြစ်သည်။ ဗုဒ္ဓ၀ါဒနှင့် သိပ္ပံပညာတို့သည်အခြေခံအကြောင်းအရာအားဖြင့် ကွဲပြားလျှက် ရှိပေသည်။


စိတ္တာနုပဿနာရှုနည်း 7:07 AM

လူတို့၏ သန္တာန်တွင် ဖြစ်နိုင်သည့် ပေါ်နိုင်သည့် စိတ် 45 ပါး ရှိပါသည်။ သင့်တော်သလို တစ်ခုစီ လှည့် ပေါ်နေပါသည်။
ကာမစိတ် 54 ပါးရှိပါတယ်။ ကာမဘုံမှာ ဖြစ်နိုင်တဲ့စိတ်တွေပါ၊ အဲဒီအထဲက ဘုရားရဟန္တာတို့ သန္တာန်မှာသာ ဖြစ်တဲ့မဟာကြိယာစိတ် ၈ ခု၊ ဟသိတုပ္ပါဒ်စိတ် ၁ ခု၊ ပေါင်း ၉ ခုကို နှုတ်ရင် ၄၅ ပါးသာ ကျန်ပါတော့တယ်။
ဒါဟာ တိဟိတ်ပုဂ္ဂိုလ်မှာမှ ၄၅ ပါးလာမှာ၊ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုလျှင် (ဥာဏမ္ပယုတ် လေးပါးကို ထပ်နှုတ်) ၄၁ ပါးပဲ လာနိုင်တယ်။
စိတ်တွေရှိတာတော့ ၈၉ ပါးတောင်ရှိတာ၊ ဒါပေမယ့် အကုန်လုံး ကိုယ်နဲ့ ဆိုင်တာမဟုတ်ဘူး။
ကိုယ်နဲ့ဆိုင်တာက ၄၅ ပါးပဲ၊ အဲဒီ ၄၅ ပါးထဲက တစ်ခုခုလှည့်ပေါ်မှာပဲ။ အဲဒီလို ပေါ်တဲ့စိတ်ကို ဥာဏ်နှင့် အကဲခတ်၊ ပျောက်သွားတာကို တွေ့မယ်၊ အဲဒါ စိတ်ကို ရှုတာပဲ။
အဲဒီတော့ စိတ်ကို ရှုတယ်ဆိုပေမယ့် စိတ်ကို မတွေ့နိုင်ပါဘူး။ စိတ်ကလေးတွေ ပျောက်သွားတာကိုသာ တွေ့နိုင်ပါတယ်။
အောက်တွင် ဖော်ပြအပ်သော ၀ိဥာဏ်စိတ် ၁၃ မျိုးကို ဤနည်းတွင် ရှုပွါးကြကပါမည်။ စိတ် ၁၃မျိုး ပြထားစေကာမူ ထိုစိတ်အားလုံးကို တစ်ပေါင်းတည်း ရှုရမည် မဟုတ်ကြောင်း သတိပြုရပါမည်။ စိတ်တစ်ခုတည်း (တစ်ချိန်မှာ ပေါ်သော စိတ်)ကိုသာ ရှုရပါမည်။ ထိုစိတ်ပေါ်လာလျှင် ထိုစိတ်ကို မိအောင် ဖမ်း၍ရှုပါ။ အချိန်တစ်ချိန်တွင် စိတ်သည် တစ်ခုသာ ပေါ်နိုင်ကြောင်းကိုလည်း သတိပြုပါ။
စိတ် (၁၃)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ မြင်စိတ်
၂။ ကြားစိတ်
၃။ နံစိတ်
၎။ စားစိတ်
၅။ ထိတွေ့စိတ်
ထို(၅)မျိုးကို မိုးကုတ်ဆရာတော်ဘုရားက အပြင်ဧည့်သည်စိတ်များဟု ခေါ်ပါသည်။
၆။ လောဘစိတ်
၇။ ဒေါသစိတ်
၈။ မောဟစိတ်
၉။ အလောဘစိတ်(စွန့်ကြဲပေးကမ်းလိုစိတ်)
၁၀။ အဒေါသစိတ်(မေတ္တာစိတ်)
၁၁။ တွေးတောစိတ်
ဤ ၆ မျိုးကို မိုးကုတ်ဆရာတော်ဘုရားကြီးက အတွင်းဧည့်သည်စိတ် ခြောက်ခုဟု ခေါ်ပါသည်။
၁၂။ ၀င်လေစိတ် (လေရှုသောစိတ်)
၁၃။ ထွက်လေစိတ် (လေထုတ်သောစိတ်)
(မှတ်ချက်။ ဆရာဦးဆန်းလွင် ရေးသားသည့် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ၀ိပဿနာရှုနည်း လက်စွဲကျမ်းမှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

ရွှေတောင်တက် 7:00 AM

အမြင်ကင်းငြား၊ သူကန်းများတို့၊ သူ့ထက်ငါသာ၊ တောင်တက်ပါလည်း၊ တစ်ခါတစ်ခေါက်၊ တစ်ယောက်တစ်လေ၊ ရောက်ဖို့နေနေ၊ မသေရုံမျှ၊ နည်းပါးလှ၏။
(ကြခတ်ဝိုင်း ဆရာတော်)


ဥာဏ် ၃ ဥာဏ် 6:59 AM

သစ္စဥာဏ်။        ။ ခန္ဓာငါးပါးအပေါင်းကြီးကို ဒုက္ခသစ္စာလို့ သိတာက သစ္စဥာဏ်၊ ခန္ဓာငါးပါးအပေါင်းကြီးထဲမှာ ဝေဒနာကလေးတွေ၊ ဒုက္ခ၊ သုခ၊ သောမနဿ၊ ဒေါမနဿတွေ မလာဘူးလား၊ စိတ်ကလေးတွေလည်း မလာဘူးလား၊ အဲဒါကလေးတွေကို လာတိုင်း ဥာဏ်နဲ့ တည့်မိတာက သစ္စဥာဏ်။

ကိစ္စဥာဏ်။       ။ အဲဒီလိုပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မှုကို သိတာက ကိစ္စဥာဏ်
ကတဥာဏ်။     ။ ဖြစ်ပျက်ကလေးကို သိပြီးတော့ ဖြစ်ပျက်တွေဟာ နှိပ်စက်တဲ့ တရားတွေမို့ နှိပ်စက်နေတာပဲလို့ အမှန်အကန် သိသိ......သိသိပြီးသွားတဲ့အခါကျတော့ ဒီဟာတွေ ဒီခန္ဓာကြီးတော့ မလိုချင်တော့ပါဘူးဆိုတဲ့အခါကျတော့ ဖျတ်ကနဲ ချုပ်သွားတယ်၊ ချုပ်ပြီးမှ ပေါ်လာတဲ့ ဥာဏ်ကို ကတဥာဏ် ။


သောတာပန်စိတ်ထား အင်္ဂါ ၇ ပါး 6:58 AM

၁။ အရိယာအဆင့်သို့ရောက်သော်လည်း မပယ်ရသေးသော ကိလေသာများရှိသောကြောင့် လွန်ကျူးမိတတ်၏။ လွန်ကျူးမိလျှင် ဥာဏ်ဖြင့် ချက်ချင်း ရပ်နိုင်သဖြင့်
    (က) သောတာပန်က ဖြစ်ကြောတို၏
    ( ခ) ပုထုဇဉ်က ဖြစ်ကြောရှည်၏။
၂။ မပယ်ရသေးသော ကိလေသာများကို ငြိမ်းအေးအောင် လုပ်မည်ဟု
    (က) သောတာပန်မှာ အမြဲတမ်း စိတ်ထားရှိသည်။
    ( ခ) ပုထုဇဉ်မှာ ထိုစိတ်မျိုးမရှိ။
၃။ ဤဘုရားသာသနာမှာသာလျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ အဖြစ်ဖြင့် ထွက်ရပ်လမ်းရှိသည်။ အခြားတိတ္ထိတို့ ၏ သာသနာမှာ မရှိဟု
    (က) သောတာပန်က ယုံကြည်သည်။
    (ခ ) ပုထုဇဉ်က အခြားသာသနာမှာလည်း ရှိချင်ရှိမည်ဟု ယူဆသည်။
၎။ အပြစ်သင့်လျှင် အချိန်ဆွဲ၍မထား၊ နံနက်သင့်လျှင် နံနက်၊ ညနေသ့င်လျှင် ညနေ ချက်ချင်း
    (က) သောတာပန်က ကုသသည်။
    ( ခ) ပုထုဇဉ်က ထိုသို့ မကုသ။
၅။ (က)သောတာပန်က အပြစ်သင့်မှာ စိုးရွံ့သည်။ သီလပျက်မည်ကို ကြောက်သည်။
     ( ခ) ပုထုဇဉ်က ထိုသို့ မစိုးရွံ့  ၊ သီလပျက်မှာလည်း မကြောက်။
၆။  သစ္စာတရားတွေ အမှန်တရားတွေကို ဟောပြောလျှင်
    (က) သောတာပန်က စိုက်စိုက်၍ နာနေနိုင်၏။
    ( ခ) ပုထုဇဉ်မှာ ထိုတရားများ နားထဲ မရောက်။
၇။ သစ္စာတရားတွေကို နာယူပြီးပြီဆိုလျှင် ပြော၍မပြီး ချီးကျူး၍မဆုံး၊ ကြည်နူးမှုတွေ ဖုံးပြီးလျှင်
    (က) သောတာပန်က တပြုံးပြုံးနှင့် ကျေနပ်နေ၏။
    ( ခ) ပုထုဇဉ်က ထိုသို့ ခံစားမှုမျိုး မရနိုင်။



တက်လိမ့်စီးပွါး၊ များလိမ့်ပညာ 6:58 AM

ဤစာထူးဆန်း လင်္ကာပန်းကိုရွှေပန်းပမာ ဆင်တို့ပါက
သူငယ်လှတို့ ရလိမ့်ပညာ
သာလိမ့်သူ့ထက် တက်လိမ့်စီးပွါး
များလိမ့်ခြွေရံ စံလိမ့်စည်းစိမ်
ငြိမ်းလိမ့်ချမ်းသာ သာလိမ့်ကျက်သရေ



ဝိပဿနာဥာဏ် ၁၀ ပါး 6:57 AM

ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ လောကီလောကုတ္တရာဥာဏ်စဉ် ၁၆ ပါးကို ဖော်ပြထားသည်။ ထို ၁၆ပါး အနက်တွင် ၀ိပဿနာဥာဏ် သက်သက်သည် ၁၀ ပါး ပါဝင်သည်။
၁။ သမ္မာသနဥာဏ်
၂။ ဥဒယဗ္ဗယဥာဏ်
၃။ ဘင်္ဂဥာဏ်
၎။ ဘယဥာဏ်
၅။ အာဒီန၀ဥာဏ်
၆။ နိဗ္ဗိန္ဒါဥာဏ်
၇။ မုစ္စိတုကမျတာဥာဏ်
၈။ ပဋိသင်္ခါဥာဏ်
၉။ သင်္ခါရုပေက္ခာဥာဏ်
၁၀။ အနုလောမဥာဏ်
တို့ဖြစ်ကြပါသည်။